တပ်ပေါင်းစု
ကွတ်ခိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တပ်ပေါင်းစုများအကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ဒေသခံပြည်သူ ၂၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

တပ်ပေါင်းစု

 

ယနေ့နံနက် ၁၀ နာရီမှ ၁၁ နာရီအကြား ပြင်းထန်သည့် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာရသည့် ပြည်သူများသည် လက်ရှိအချိန်တွင် ပြည်လုံးချမ်းသာ ကျောင်းတိုက်တွင် ထွက်ပြေးခိုလှုံနေသည်။
တအောင်း (ပလောင်) တပ် TNLA နှင့် ကိုးကန့်တပ် (MNDAA) တပ်ပေါင်းစုများနှင့် စစ်ကောင်စီတပ်များအကြား မေလ ၄ ရက်ညနေပိုင်းမှစတင်ကာ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
Photo Credit – ပုံအဟောင်းအသုံးပြုထားသည်
သင့်ထင်မြင်ချက်ရေးပေးပါ