မြစ်ကြီးနားဆိုင်ကယ်သပိတ်ဖြိုခွဲခံရပြီး အမျိုးသမီး ၄ ဦးအဖမ်းခံရ
မြစ်ကြီးနားမြို့တွင် ယနေ့နံနက်ပြုလုပ်သည့် ဆိုင်ကယ်သပိတ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိမ်စီးကားဖြင့် ဖြိုခွဲခဲ့ပြီး အမျိုးသမီး ၄ ဦးဖမ်းဆီးခံရကြောင်းသိရသည်။

မြစ်ကြီးနားဆိုင်ကယ်သပိတ်ဖြိုခွဲခံရပြီး အမျိုးသမီး ၄ ဦးအဖမ်းခံရ

မြစ်ကြီးနားမြို့ စံပြရပ်ကွက်တွင် ပင်မသပိတ်အဖွဲ့များ ဆိုင်ကယ်သပိတ်ပြုလုပ်နေစဉ်
အိမ်စီးကား ၁၀ စီးခန့်က အရှေ့နှင့်အနောက်မှပိတ်ဆို့၍ ဖြိုခွဲခဲ့ပြီး အမျိုးသမီး ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု သပိတ်တွင်ပါဝင်သူတစ်ဦးက ပြောသည်။
” မိန်းကလေး ၄ ယောက်ဖမ်းခံရတာပါ။
အိမ်စီးကား အရှေ့က ၇ စီး အနောက်ကနေ ၃ စီး ညှပ်ဖမ်းတာဟုတ်တယ်” ဟုပြောသည်။
ဆိုင်ကယ်သပိတ်သည် ယနေ့နံနက် ၉ နာရီဝန်းကျင်မှ သပိတ်ကြောင်းစတင်ကာ ၉ ခွဲဝန်းကျင်၌ ဖြိုခွဲဖမ်းဆီးခံရခြင်းဖြစ်သည်။
ဓါတ်ပုံ – ပုံဟောင်းပြန်လည်အသုံးပြုထားခြင်းဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ