The 74 Media ၏ စာဖတ်ပရိတ်သတ်များထံ အသိပေးအကြောင်းကြားခြင်း
၁။ The 74 Media သည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ သတင်းမှန်များကို အချိန်နှင့် တပြေးညီတင်ဆက်ခဲ့ပါသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း ပြည်သူလူထု၏ သတင်းပေးပို့မှုများနှင့် ပံ့ပိုးကူညီမှုတို့ဖြင့် သတင်းတင်ဆက်မှုများကို ဆက်လက်လုပ်ဆောင်နိုင်ခဲ့ပါသည်။

The 74 Media ၏ စာဖတ်ပရိတ်သတ်များထံ အသိပေးအကြောင်းကြားခြင်း

 

၂။ The 74 Media ၏ သတင်းအေဂျင်စီလုပ်ငန်းကို ဧပြီလ ၂၉ ရက်၊ ၂၀၂၁ ခုနှစ် ရက်စွဲဖြင့် ပိတ်သိမ်းလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက မေလ ၃ ရက်နေ့တွင် အီးမေးလ်မှတဆင့် အကြောင်းကြားခဲ့ပါသည်။
၃။ The 74 Media သည် တရားဝင်ရွေးကောက်ခံအစိုးရလက်ထက်တွင် မှတ်ပုံတင်ထားခြင်းဖြစ်သဖြင့် တရားမဝင်အာဏာရယူထားသူတို့က သတင်းအေဂျင်စီလုပ်ငန်းပိတ်သိမ်းလိုက်သည်ကို လက်ခံမည်မဟုတ်ပါ။
၄။ သို့ဖြစ်ပါ၍ The 74 Media အနေဖြင့် နေ့စဉ်ဖြစ်ပေါ်နေသည့် သတင်းမှန်များကို အချိန်နှင့်တပြေးညီတင်ဆက်နိုင်ရန် ဆက်လက်ကြိုးပမ်းသွားပါမည့်အကြောင်းနှင့် အများပြည်သူများအနေဖြင့် မိမိဒေသတွင်ဖြစ်ပေါ်နေသည့်အကြောင်းအရာများကို ဆက်လက်ပေးပို့နိုင်ပါကြောင်း အသိပေးတင်ပြအပ်ပါသည်။
လေးစားစွာဖြင့်
The 74 Media
သင့်ထင်မြင်ချက်ရေးပေးပါ