ဝိုင်းမော်မြို့တွင် PSI စလောင်းများဖြုတ်ရန် အုပ်ချုပ်ရေးမှူးမှ လိုက်လံပြောနေ
ကချင်ပြည်နယ် ဝိုင်းမော်မြို့၌ နေအိမ်တွင်တပ်ဆင်ထားသော PSI စလောင်းများကို ဖြုတ်ခိုင်းကြောင်းသိရသည်။

ဝိုင်းမော်မြို့ ရပ်ကွက်‌ ( 2 ) တွင် ယနေ့ညနေ ၃ နာရီခန့်က အုပ်ချုပ်ရေးမှူးမှ PSI စလောင်းများ လိုက်လံဖြုတ်ခိုင်းနေကြောင်း ဒေသခံပြည်သူတစ်ဦးက The 74 media ကိုပြောသည်။
” PSI စလောင်းဖြုတ်ခိုင်းတယ် ရဲတွေနဲ့ အုပ်ချုပ်ရေးဌာနကသူတွေ ရပ်ကွက်ရုံးမှာ အစည်းအဝေးလုပ်ပြီး
ရွာသားတွေကို ပြောခိုင်းတာပေါ့ မနက်ဖြန်နောက်ဆုံးထားပြီးဖြုတ်ရမယ်ပေါ့ ရဲတွေက သူတို့လိုက်စစ်လို့ မဖြုတ်ထားရင် အေရးယူမယ်
ဗန်းလည်းဖြုတ်သိမ်းသွားမယ်လို့ ပြောသွားတယ်တဲ့ အုပ်ချုပ်ရေးမှူးက အဲ့လိုပြောတယ်” ဟု သူကပြောသည်။
မြန်မာနိုင်ငံ တစ်ဝှမ်းရှိ ဒေသအချို့တွင် ဧပြီလ လ‌ဆန်းပိုင်းမှ စတင်၍ PSI စလောင်းများကို လိုက်လံသိမ်းဆည်းမှုများပြုလုပ်ခဲ့သည်။
May be an image of text
သင့်ထင်မြင်ချက်ရေးပေးပါ