မိုးမောက်မြို့နယ် ကုန်းလောကျေးရွာတွင် ရဟတ်ယာဉ်ပျက်ကျသည့် နေရာကို အဝေးမှ မြင်တွေ့ရစဉ်
မိုးမောက်မြို့နယ် ကုန်းလောကျေးရွာတွင် ယနေ့နံနက်က ပျက်ကျခဲ့သည့် ရဟတ်ယာဉ်ကို ပစ်ချလိုက်ခြင်းဖြစ်သည်ဟု ကေအိုင်အေက အတည်ပြုသည်။
မိုးမောက်မြို့နယ် ကုန်းလောကျေးရွာတွင် ရဟတ်ယာဉ်ပျက်ကျသည့် နေရာကို အဝေးမှ မြင်တွေ့ရစဉ်

 

မိုးမောက်မြို့နယ် ကုန်းလောကျေးရွာတွင် ယနေ့နံနက်ပိုင်းက ရဟတ်ယာဉ်နှင့် ဂျက်လေယာဉ်တစ်စီးဖြင့်
လာရောက်တိုက်ခိုက်ခဲ့ပြီး ရဟတ်ယာဉ်ကို ပစ်ချလိုက်ခြင်းဖြစ်သည်ဟု ကေအိုင်အို၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“၁၀:၂၀ မှာ ဆလောင်းကုန်းကနေ ပစ်ချလိုက်တာပါ။
ဒီမနက် ၇ နာရီလောက်ကနေ သူတို့က လေကြောင်းကနေလာပစ်တာ။ ရဟတ်ယာဉ်တစ်စီး တိုက်လေယာဉ် တစ်စီးနဲ့ ကျော့ပြီးလာလာပစ်တာပေါ့”
မိုးမောက်မြို့နယ်အနီးတဝိုက်ရှိ မြို့သစ်နှင့် ကုန်းလောကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက
ကေအိုင်အေစခန်းများကို ကုန်းကြောင်းနှင့် လေကြောင်းဖြင့် အပြင်းအထန်ထိုးစစ်ဆင်နေသည်မှာ ဆယ်ရက်ခန့်ကြာမြှင့်လာပြီဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ