မြစ်ကြီးနားသတင်းဂျာနယ်အား ထုတ်ဝေခွင့်လိုင်စင်ပိတ်သိမ်း
ကချင်ပြည်နယ်အ​​ခြေစိုက်သတင်းဌာနတစ်ခုဖြစ်​သော မြစ်ကြီးနားသတင်းဂျာနယ် ထုတ်​ဝေခွင့်လိုင်စင်ကို
စစ်​​ကောင်စီ၏ ပြန်ကြား​ရေးဝန်ကြီးဌာနက ပိတ်သိမ်းလိုက်​ကြောင်း ယ​နေ့ ထုတ်ပြန်လိုက်သည်။

 

မြစ်ကြီးနားသတင်းဂျာနယ်က “နှစ်ပေါင်း ၇ နှစ်ကျော် ပရိတ်သတ်များကို သတင်းမှန်တင်ဆက်နေခဲ့သည့်
မြစ်ကြီးနားသတင်းဂျာနယ်၏ သတင်းတင်ဆက်မှုများကို ယနေ့မှစ၍ ရပ်နားလိုက်ပြီ ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
နောင်အခွင့်ကြုံလာပါက ပြည်သူအများအတွက် သတင်းဝန်ဆောင်မှုပေးနိုင်ရန်ပြန်လည်ကြိုးစားသွားမည်ဖြစ်ကြောင်း
ဝန်ခံကတိပြုပါသည်” ဟု ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နာတွင် ​ရေးသားထားသည်။
မြစ်ကြီးနားသတင်းဂျာနယ်သည် ကချင်ပြည်နယ်၏ ပထမဆုံးသတင်းစာဖြစ်ပြီး ၂၀၁၄ ခုနစ် မတ်လ ၂၉ရက်နေ့က စတင်ထုတ်​ဝေခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ