KIA တပ်မတော်မှ စစ်သည်နှစ်ဦးကျဆုံ

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွင်း ဧပြီလ ၂၇ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ နှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သောကြောင့် KIA တပ်မတော်မှ စစ်သည် နှစ်ဦး ကျဆုံးခဲ့ကြောင်းသိရသည်။

KIA တပ်မတော်မှ စစ်သည်နှစ်ဦးကျဆုံ

 

စစ်ကောင်စီဘက်မှ ဧပြီလ ၂၇ ရက် နံနက် ၆ နာရီမှစတင်ကာ တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်များအပြင် လက်နက်ကြီးဖြင့် အပြင်းအထန်တိုက်ခိုက်ခဲ့သောကြာင့် KIAတပ်မတော်မှ စစ်သည် နှစ်ဦးကျဆုံးခဲ့ခြင်းဖြစ်သည်။
ကျဆုံးသော စစ်သည်နှစ်ဦးမှာ အသက် ၂၀ နှစ် အရွယ် မောင်လဖိုင်နော် နှင့် အသက် ၂၂ နှစ်အရွယ် မောင်ဆွတ်ဂျွန်းတို့ဖြစ်ကြပြီး ယနေ့ ဧပြီလ ၂၈ရက်နေ့တွင် သဂြိုလ်သွားမည်ဟု သိရသည်။
မြန်မာနိုင်ငံအနှံ့အပြားရှိဖေ့စ်ဘုတ်လူမှုကွန်ရက်အသုံးပြုသူများက ကျဆုံးသွားသူနှစ်ဦးအတွက် ဝမ်းနည်းကြောင်း ရေးသားဖော်ပြထားကြပြီး လူအများပြန်လည်မျှဝေထားသည်ကို တွေ့ရသည်။
မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာနှင့် စီဟတ်ကျေးရွာအနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်နှင့် ကေအိုင်ကေတပ်မတော်အကြား ၅ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည်။

PHOTO : CJ

သင့်ထင်မြင်ချက်ရေးပေးပါ