ဗန်းမော်မြို့စုပေါင်းရုံးအနီး ပေါက်ကွဲမှုဖြစ်ပွား

ဗန်းမော်မြို့ စုပေါင်းရုံးအနီးတွင် ဗုံးဟုယူဆရသော ပေါက်ကွဲသံကြားရသည်ဟု သိရသည်။

ဗန်းမော်မြို့ သာစည်ရပ်ကွက်မှ စုပေါင်းရုံးအနီးတွင် ဗုံးဟုယူဆရသော ပေါက်ကွဲသံကို ယနေ့နံနက် ၈ နာရီခွဲ ဝန်းကျင်၌ ကြားရသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

” ဒီမနက် ၈:၂၈ မှာဟုတ်တယ်။ တစ်ခါပဲ အသံတော်တော်ကျယ်တယ်” ဟုပြောသည်။
ယခုချိန်တွင် စုပေါင်းရုံးပတ်ဝန်းကျင်၌ ရဲ၊ စစ်သားများနှင့် ယာဥ်ထိန်းရဲများ နေရာယူထားသည်ဟု သိရသည်။
ပေါက်ကွဲမှုကြောင့် ပြည်သူနှင့် လူနေအိမ်များ၏ ပျက်စီးဆုံးရှုံးမှု ရှိ၊ မရှိကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ယခုတစ်ပတ်အတွင်းပင် ဗန်းမော်မြို့တွင်း၌ နေ့ခင်းတွင်ပင် ပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပေါ်‌ေနသည်။

သင့်ထင်မြင်ချက်ရေးပေးပါ