Vice president Duwa Lashi la facebook page

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ၏ ယနေ့ကျင်းပပြုလုပ်သော တတိယအကြိမ် အစိုးရအဖွဲ့အစည်းတွင် နိုင်ငံတော် ဒုသမ္မတ ဒူဝါလရှီးလမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အဖွင့်အမှာစကားတွင် ဒုသမ္မတကြီးမှ ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးမှ ခက်ခဲသည့် အတားအဆီးကြားမှ ကြိုးပမ်းလုပ်ဆောင်မှုများကို ဝမ်းမြောက်မိကြောင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရတွင် တာဝန်ထမ်းဆောင်နေသည့် တာဝန်ရှိသူများမှ ပြည်သူများ လိုလားတောင့်တမှုဖြင့်သည့် တည်ငြိမ်အေးချမ်းပြီး လွတ်လပ်သော လူ့အဖွဲ့အစည်းနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အမြန်ထူထောင်နိုင်ရန် အလေးပေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့အတူ မိမိတို့ပြည်သူလူထုများဟာ စစ်အာဏာရှင် အကြမ်းဖက်အုပ်စုကို အမြန်တွန်းလှန် ဖျက်ဆီးလိုကြသည်မှာ အားလုံးအသိပင်ဖြစ်ပါသည်။
ပြည်သူလူထုများ၏ ကြီးမားသော နစ်နာဆုံးရှုံးမှုများကို အမြန်ဆုံးကုစားနိုင်ရန် တခုတည်းသော အဖြေသည် အာဏာရှင်စနစ်ကို အပြီးတိုင် ဖျက်ဆီးပြီး တည်ငြိမ်အေးချမ်းသည့် လူ့အဖွဲ့အစည်းကို ဖန်တီးပေးနိုင်ရေးသာ ဖြစ်ပါသည်။
တဖက်တွင် အာဏာသိမ်း စစ်အာဏာရှင်အုပ်စုကို တိုက်ဖျက်ရာမှာ အမိန့်အာဏာဖီဆန်သည့် ပြည့်သူဝန်ထမ်းများ၏ လှုပ်ရှားမှုနှင့် နိုင်ငံတဝန်းအနှံ့ အာဏာရှင်ကို တော်လှန်သပိတ်မှောက် ဆန့်ကျင်နေကြသည့် ပြည်သူများ၏ အခန်းကဏ္ဍသည် အရေးကြီးလှပါကြောင်းပြောကြားပြီး
CDM တွင် ပါဝင်နေသည့် ပြည်သူဝန်ထမ်းများ၏ အခက်အခဲများကို မိမိတို့ အစိုးရအနေဖြင့် ထိထိရောက်ရောက်ကူညီပံ့ပိုးနိုင်ရန် အလေးထား ကြိုးပမ်းဖို့လည်း လိုအပ်ကြောင်း ပြောဆိုခဲ့ပါသည်။
တဖက်တွင် နိုင်ငံလုံးအနှံ့ အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြနေသည့် ပြည်သူလူထုများနှင့် Generation Z များ ဆက်လက်တောင့်ခံနိုင်ရန် နည်းလမ်းရှာကူညီပံ့ပိုးဖို့လည်း လိုအပ်ခြင်းကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနများလည်း သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးနှင့် ချိတ်ဆက်ကာ လုပ်ဆောင်ရမည်ဖြစ်ပြီး အမျိုးသားညီညွတ်ရေး အစိုးရတွင် မပါဝင်သေးသည့် တိုင်းရင်းသားများနှင့် ၎င်းတို့လူမျိုး ခေါင်းဆောင်များနှင့် သဘောတူညီမှုများ ရယူရန်မှာ အထူးလိုအပ်လှကြောင်း တိုက်တွန်းပြောခဲ့ကြားပါသည်။ ညီညွတ်သောအစိုးရဟု ခေါ်တွင်သည့်အတိုင်း တိုင်းရင်းသားများ အားလုံး ပါဝင်လာရန် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်းနှင့် တိုင်းပြည်ရဲ့ စည်းလုံးညီညွတ်ရေးကို အထူးသတိထားပြီး အာဏာရှင်စနစ်ကို အပြီးတိုင် တိုက်ဖျက်ပြီး ပြည်သူလူထုများ လိုလားတောင့်တသည့် ငြိမ်းချမ်းသည့်လူအဖွဲ့အစည်းတရပ်ကို အမြန်ဖန်တီးနိုင်ဖို့ အားလုံးလည်း သတိကြီးစွာ ကြိုးပမ်း လုပ်ဆောင်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

Vice president Duwa Lashi la facebook page

သင့်ထင်မြင်ချက်ရေးပေးပါ