Breaking News 47 Media

ဗန်းမော်မြို့ နမ့်ဖား‌ကျေးရွာ တွင် ကချင်လွတ်မြောက်ရေးတပ် KIA နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ကြား တိုက်ပွဲဖြစ်ပွားနေသည်ဟု ဗန်းမော်ဒေသခံများထံမှ သိရသည်။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် နမ့်ဖားကျေးရွာတွင် ယနေ့မွန်းလွှဲ ၂ နာရီခန့်က စတင်ကာ တိုက်ပွဲဖြစ်ပွားနေသည်ဟု ဗန်းမော် ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“၂နာရီဝန်းကျင်ကတည်းက စဖြစ်​နေတာဟုတ်တယ်” ဟုပြောသည်။
နမ့်ဖားကျေးရွာအနီး နောင်ခိုကျေးရွာတွင် အမြောက်တပ် ၂၃၆ ရှိသည်ဟုလည်းသိရသည်။
လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးရှိပြီး တစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း ကနဦးသိရသည်။

ဒဏ်ရာရရှိထားသူများနှင့် ပတ်သက်၍ The 74 media မှ သီးခြားအသိပြုနိုင်ခြင်းမရှိသေးပါ။

သင့်ထင်မြင်ချက်ရေးပေးပါ