Breaking News 47 Media

ကချင်ပြည်နယ်၊ ဗန်း​မော်ခရိုင်၊ မိုးမောက်မြို့ အနီးရှိ စစ်ကောင်စီတပ်မှ ယ​နေ့ နံနက် ၁၁နာရီ ဝန်းကျင်ခန့်မှ စတင်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

မိုးမောက်မြို့အနီးရှိ ခမရ ၄၃၇ တပ်မှ ၁၀မိုင်​ကျော်ကွာ​ဝေး​သော မြို့သစ်​ကျေးရွာဘက်သို့ ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
” မိုးမောက် ၄၃၇ တပ်ကနေ မြို့သစ်ဘက်ကို ပစ်နေကြတာ၊ မြို့သစ် မုံမိန်းဘုရားမှာ ဒီမနက်ကတည်းကနေပစ်နေကြတာ” ဟု ပြောသည်။
မွန်းလွဲ ၁နာရီ ၁၄ မိနစ်အထိ လက်နက်ကြီး ၇ ကြိမ်ပစ်ခတ်ပြီးနေပြီး ယခုအချိန်ထိ ပစ်ခတ်နေကြောင်းသူက ဆက်ပြောသည်။

မိုး​မောက်မြို့နယ်တွင် တိုက်ပွဲ​ကြောင့် ​​ကျေးရွာ ၁၀ရွာထက်မနည်း ဘုရား​ကျောင်း၊ ဘုန်းကြီး​ကျောင်းများတွင် ပုန်းခို​နေကြသည်။

သင့်ထင်မြင်ချက်ရေးပေးပါ