အောင်လအင်ဆန်၏ လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်

မြန်မာ့ဂုဏ်​ဆောင် MMA ကစားသမား အောင်လအင်ဆန်၏ လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ကာကွယ်ပွဲကို နယ်သာလန်သား ဒီရီဒါနှင့် ​ပြောင်းလဲ ထိုးသတ်မည်ဖြစ်​ကြောင်း ​အောင်လက သူ၏ လူမှုကွန်ယက်မှ တစ်ဆင့် ​အသိ​ပေးလိုက်သည်။

​အောင်လသည် မူလက ရုရှားနိုင်ငံသား ဘစ်ဒတ်ရှ်နှင့်ထိုးသတ်ရန် စီစဥ်ထား​သော်လည်း ဘစ်ဒတ်ရှ်တွင် Covid 19 ပိုး​တွေ့ရှိခဲ့​သော​ကြောင့် ဒီရီဒါနှင့် ​ပြောင်းလဲထိုးသတ်ခဲ့ခြင်းဖြစ်သည်။
ထို့အတူ နယ်သာလန်သား ဒီရီဒါနှင့် မူလက ထိုးသတ်ရန်စီစဥ်ထား​သော ​ပြိုင်ဘက်တွင်လည်း Covid 19 ပိုး​တွေ့ရှိခဲ့​သော​ကြောင့် ယခုကဲ့သို့ ​အောင်လအင်ဆန်နှင့် ထိုးသတ်ရန်စီစဥ်ခဲ့ခြင်းဖြစ်သည်။
“အားလုံးဂုဏ်ယူရဖို့အတွက်ကျွန်တော်အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားမှာပါ။မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းသာယာပါစေ” ဟု ​အောင်လက ​​ပြောသည်။
​အောင်လနှင့် နယ်သာလန်သား ဒီရီဒါတို့သည် လာမည့်ဧပြီလ ၂၉ရက်​နေ့၊ နံနက်ပိုင်း ၇နာရီခန့်တွင် စင်ကာပူနိုင်ငံတွင်ထိုးသတ်သွားမည်ဖြစ်သည်။

​အောင်လသည် သူ၏ မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပါတ်ကို ပြီးခဲ့သည် ၂၀၂၀ခုနစ် ​​အောက်တိုဘာလက နယ်သာလန်နိုင်ငံသား ဒီရီဒါကို လွဲ​ပြောင်း​ပေးအပ်ခဲ့ရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ