ယန်ဝူစစ်ရှောင် အိမ်​ထောင်စု ၁၀၀​ကျော် နေရပ်ပြန်ပြီ

ရှမ်းပြည်နယ်​မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ဘန်လုံကျေးရွာတွင် လာ​ရောက် စစ်ဘေးတိမ်းရှောင်နေသော အိမ်​ထောင်စု ၁၁၇ စုသည် ၎င်းတို့၏ မူလနေရပ်ဖြစ်သော ယန်ဝူကျေးရွာသို့ ဧပြီလ ၂၃ရက်​နေ့က ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်းသိရသည်။

ယန်ဝူစစ်ရှောင် အိမ်​ထောင်စု ၁၀၀​ကျော် နေရပ်ပြန်ပြီ

စစ်ဘေးတိမ်းရှောင်ရခြင်းနှင့်ပတ်သက်၍ ယန်ဝူကျေးရွာမှ ဓမ္မအမှုတော်ဆောင် ဆရာတစ်ဦးက ယခုလိုပြောသည်။
” ၂၀၁၄ ဧပြီလကနေစပြီး ဘန်လုံမှာ စစ်ဘေးတိမ်းရှောင်ရင်းနေထိုင်ခဲ့တယ်။ ၇ နှစ်ကြာပြီး ဒီနေ့မှာတော့ နေရပ်ကိုပြန်လာနိုင်ခဲ့တာပေါ့”ဟု ပြောသည်။
ထို့နောက် ယန်ဝူ​ဒေသခံများ စစ်ဘေးတိမ်းရှောင်နေထိုင်လာသည့် (၇)နှစ်အတွင်း အဖက်ဖက်မှကူညီပေးခဲ့ကြသော အလှူရှင်များနှင့် အဖွဲ့အစည်းအသီးသီးအား ကျေးဇူးတင်ရှိကြောင်း သူကဆက်ပြောသည်။
၂၀၁၁ ခုနှစ်မှ စတင်ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်​နယ်မြောက်ပိုင်းရှိ ဒေသခံပြည်သူ ၁သိန်း​ကျော်သည် ၎င်းတို့၏ ​နေရပ်ကို စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

Source : KBC Kachin

သင့်ထင်မြင်ချက်ရေးပေးပါ