မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်ရှိ စစ်သားစုဆောင်းရေးရုံးအနီး အသံဗုံးကွဲ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်ရှိ စစ်သားစုဆောင်းရေးရုံးအနီး ယနေ့ညနေက အသံဗုံးနှစ်ကြိမ်ကွဲခဲ့သည်ဟု သိရသည်။

မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်ရှိ စစ်သားစုဆောင်းရေးရုံးအနီး အသံဗုံးကွဲ

 

ရန်ကြီးအောင်ရပ်ကွက်ရှိ စစ်သားစုဆောင်းရေးရုံးအနီးပတ်ဝန်းကျင်တွင် အသံဗုံးဟု ယူဆရသောပေါက်ကွဲသံ ၂ ချက်နှင့် သေနတ်သံတစ်ချက် ကြားရသည်ဟု ရပ်ကွက်နေပြည်သူက The 74 Media ကိုပြောသည်။
“နှစ်ချက်ဟုတ်တယ်။ ပထမတစ်ချက်တော့ ရန်​ကြီးအောင် စုဆောင်းရေးတပ်ဖြစ်ဖို့များတယ်။ ဒုတိယတစ်ချက်ကတော့မသိသေးဘူး။ အခုတောင် မိုင်တဲကွေ့နား သေနတ်သံ တစ်ချက်ကြားလိုက်ပြန်ပြီ” ဟုပြောသည်။
လက်ရှိတွင် ပေါက်ကွဲမှုပြုလုပ်သော သူကို အစောင့်စစ်သားများမှ စုဆောင်းရေးတပ်ထဲသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက The 74 Media ကိုပြောသည်။
“အာ့မှာအစောင့်စစ်သားရှိတယ်။ စောန ၈နာရီစွန်းစွန်းမှာ စစ်ဝတ်နဲ့ရော အရပ်ဝတ်နဲ့ရောသူတွေက အင်္ကျီအဖြူနဲ့ ယောကျ်ားလေး တစ်ယောက်ကို စုဆောင်းရေးရုံးထဲကို ဒီအတိုင်းဆွဲခေါ်သွားတာတွေ့လိုက်တယ် ” ဟုပြောသည်။

မြစ်ကြီးနားမြို့ရပ်ကွက်တစ်ချို့တွင်လည်း ယနေ့ညနေအတွင်း ပေါက်ကွဲသံများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်ဟု ရပ်ကွက်နေပြည်သူများထံမှ သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ