သယံဇာတဝန်ကြီး

ဘဝတစ်​လျှောက်လုံးတည်​ဆောက်လာ​ခဲ့​သော ရာထူးများကို ပဓါနမထားဘဲ စွန့်လွတ်စွန့်စားပြီး CDM တွင်ပါဝင်နေသော ဝန်ထမ်းများအားလုံးကို ​လေးစား​ကြောင်း သယံဇာတဝန်ကြီး ​ဒေါက်တာတူး​ခေါင်က​ပြောသည်။

CDM တွင် ပါဝင်နေသော ဝန်ထမ်းများသည် စွန့်လွတ်အနစ်နာခံမှုများစွာဖြင့် ပေးဆပ်နေကြခြင်းဖြစ်သဖြင့် CDM ဝန်ထမ်းအားလုံးကို လေးစားသည်ဟု ဝန်ကြီးက​ The 74 Media ကို ပြောသည်။
“သူတို့ရဲ့ရပိုင်ခွင့်​တွေ မိသားစုအ​ရေး​တွေ ရာထူးတွေကို ပဓာနမထားပဲနဲ့ CDM လုပ်နေတဲ့ဝန်ထမ်းတွေအများကြီးရှိတယ်၊ တစ်ချို့ဆိုရင် ဝန်ထမ်းအိမ်ယာကနေ မောင်းထုတ်ခံရတာတွေရှိတယ်၊ ဘယ်မှသွားစရာမရှိဘူး လမ်းဘေးမှာသွားအိပ်ရတာတွေရှိတယ်၊ အမျိုးတွေအိမ်မှာ လိုက်ကပ်နေရတာတွေအများကြီးရှိတယ်။ စွန့်လွှတ်စွန့်စားတဲ့သူတို့ရဲ့ ရပ်တည်ချက်ကိုလည်းအရမ်းလေးစားတယ်” ဟုဆိုသည်။
ထိုကဲ့သို့ စွန့်လွတ်အနစ်နာခံ​သော CDM ဝန်ထမ်းများကို ဆက်သွယ်​နေပြီးစားဝတ်​နေ​ရေး နှင့် လုံခြုံ​ရေးကို တာဝန်ယူ​ဖြေရှင်း​ပေးရန်စီ​စဉ်နေသည်ဟု ဝန်ကြီးကဆိုသည်။
စစ်အာဏာစနစ်​အောက်တွင် အမှုမထမ်းလို​သောသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဝန်ကြီးဌာန၏ CDM ဝန်ထမ်းများတွင် ညွှန်ကြား​ရေးမှူး၊ ဒုတိယညွှန်ကြား​ရေးမှူးများအပြင် နိုင်ငံတကာတွင် PHD ဘွဲ့ဖြင့် ​ကျောင်းပြီးထားသူများလည်းပါဝင်သည်ဟု သိရသည်။
ထို့အပြင် CDM တွင် ပါဝင်ခြင်းမရှိ​သော ဝန်ထမ်းများသည်လည်း အခက်အခဲ​အမျိုးမျိုး​ကြောင့် ပါဝင်နိုင်ခြင်းမရှိသည့်အ​ပေါ် သူ့အ​နေနဲ့ ကိုယ်ချင်းစာပြီး အပြစ်မမြင်​ကြောင်း ဝန်ကြီး​ဒေါက်တာတူး​ခေါင်က​ပြောသည်။
ဝန်ကြီး​ဒေါက်တာတူး​ခေါင်သည် ပြီးခဲ့သည့် ရက်ပိုင်းက ၎င်း၏ လူမူကွန်ယက်စာမျက်နာတွင် ဖက်ဒရယ်စနစ်သည် ခွဲထွက်ခြင်းမဟုတ်ဘဲ ပေါင်းစည်းခြင်းသာဖြစ်ပြီး
အထက်မှ အောက်သို့ အာဏာစီးဆင်းခြင်းမျိုး မဟုတ်ဘဲ အောက်ခြေမှ အထက်သို့ အဆင့်ဆင့် အာဏာသက်ရောက်မှုဖြစ်​ကြောင်း​​ရေးသားထားသည်။
ဒေါက်တာတူးခေါင်သည် နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံခွန်ခင်းတက္ကသိုလ်မှ ရပ်ရွာဒေသဖွံ့ဖြိုးရေး မဟာဘွဲ့နှင့် မြန်မာနိုင်ငံဓမ္မတက္ကသိုလ်မှ Doctor of Ministry ဘွဲ့ရရှိထားသူဖြစ်သည်။

သူသည် NLD အစိုးရသက်တမ်း တစ်လျှောက် ကချင်ပြည်နယ်အစိုးရ၏ လိုအပ်ချက်များအပြင် ဥပ​ဒေပြု​ရေးမဏ္ဍိုင်ဖြစ်သည့် လွှတ်​တော်ကိုလည်း ထောက်ပြ၊ ဝေဖန်ခဲ့သူဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ