သရုပ်ဆောင်မြင့်မြတ် ဒလန် မဟုတ်ကြောင်း ဖြေရှင်း

သရုပ်ဆောင်မင်းသားမြင့်မြတ်က သူဟာ ဒလန်မဟုတ်ကြောင်း သူ၏ဖေ့စ်ဘုတ်စာမျက်နှာမှတဆင့် ဖြေရှင်းလိုက်သည်။

သူ၏ဖေ့စ်ဘုတ်စာမျက်နှာတွင် “တစ်နိုင်ငံလုံးအရေးအခင်းဖြစ်နေချိန် ပြည်သူအားလုံးဖိအားပေါင်းများစွာအောက်မှာ မြေစာပင် ဖြစ်နေကြတာပါ… ကျွန်တော်လည်း ပြည်သူထဲက ပြည်သူတစ်ယောက်ပါ “မြေစာပင်” တစ်ပင်ပါပဲ … ကျွန်တော်လုံးဝ “ဒလန်” မဟုတ်ပါဘူး… ယုံကြည်ပေးကြပါ” ဟု ရေးသားထားသည်။
အဆိုပါဖေ့စ်ဘုတ်ပိုစ့်ကို လူပေါင်းတစ်သောင်းကျော်က “ဟဟ” ပေးခဲ့ကြပြီး ပြည်သူတစ်ဦး၏ “ဘာလဲ နင့်ကားမီးလောင်မှာကြောက်ပြီး ထရှင်းတာလား။ သတိထားနေနော်။ သကြန်ကပုံတွေတွေ့ပြီးကတည်းက ပြည်သူတွေအကုန်နင့်ကို ရွံနေကြတာ 🌝” ဆိုသည့်မှတ်ချက်ကို လူ ၂၇၅ ဦးက နှစ်သက်ကြောင်း တုံ့ပြန်ခဲ့ကြသည်။

သရုပ်ဆောင်မြင့်မြတ်၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖေဖော်ဝါရီလအတွင်း ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည့် ဓာတ်ပုံများကို ဖော်ပြထားသည်။

သင့်ထင်မြင်ချက်ရေးပေးပါ