စစ်​ကောင်စီတပ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ မြို့မရပ်ကွက် ဗျူဟာကုန်းသို့ ယ​နေ့ မွန်းလွဲ ၂နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားတိုးချဲ့လာ​သော​ကြောင့် ​ဒေသခံများတိမ်း​ရှောင်​နေရ​ကြောင်း ဖားကန့်ဒေသခံများထံမှ သိရသည်။

စစ်​ကောင်စီတပ်ဖွဲ့ဝင်များ ဗျူဟာကုန်းသို့ ချီတက်သွား​သဖြင့် ဗျူဟာကုန်းအနီးရှိ မြို့မရပ်ကွက်မှပြည်သူများသည် ဘုရား​​ကျောင်း၌ တိမ်း​ရှောင်​နေကြကြောင်း ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
” ဒီနေ့ ၂ နာရီလောက်မှာ စစ်အင်အား၊ လက်နက်အပြည့်အစုံနဲ့ ဗျူဟာကုန်းကိုတက်သွားကြလို့ မြို့မရပ်ကွက် အနီးတစ်ဝိုက်က ပြည်သူ​တွေ ကြောက်လို့ ဘုရားကျောင်းကို ထွက်ပြေးတိမ်းရှောင်သွားကြပြီ၊ တချို့က​တော့ ​ဆွေမျိုး​တွေအိမ်မှာ သွား​နေ​နေကြပြီ” ဟု ပြောသည်။
ထို့အပြင် ယ​နေ့ည​နေပိုင်းက ဗျူဟာကုန်း အနီးပတ်ဝန်းကျင် ​ကောင်းကင်ယံတွင် ရဟတ်ယာဥ်များလည်းပျံသန်း​နေ​ကြောင်း သူကဆက်​ပြောသည်။
ယ​မန်နေ့ ညက အဆိုပါ ဗျူဟာကုန်းတွင် စစ်ကောင်စီမှလက်နက်ကြီးငယ်ဖြင့် ပစ်ခတ်မှုများ​ကြောင့် ဗျူဟာကုန်း​အောက်ဘက်ရှိ ​နေအိမ်များ​​တွင် ကျည်ဆံခွံအများအပြားကျခဲ့​ကြောင်း ​ဒေသခံတစ်ဦးက The 74 Media ကို​ပြောသည်။

ဓါတ်ပုံ- ၂၀၁၉ ခုနစ်က ဝိုင်း​မော်မြို့နယ်၊နန်ဆန်ယန်​​ကျေးရွာတွင် ရိုက်ကူးထား​သော ဓါတ်ပုံ​ဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ