မိုးညှင်းကျောင်းသားသမဂ္ဂ အမှု​ဆောင်​ဟောင်း မမြတ်နိုးဝေနှင့် လူငယ်အမျိုးသားတစ်ဦး ယနေ့ဖမ်းဆီးခံရ

မိုးညှင်းမြို့ စစ်အာဏာရှင်ဆန့်ကျင်​ရေး လမ်းလျှောက်သပိတ် လှည့်လည်အပြီး ဘူတာကြီးရှေ့လူစုခွဲချိန်တွင် မိုးညှင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂအမှု​ဆောင်​ဟောင်း မမြတ်နိုးဝေနှင့်အတူ ကိုကျော်မြင့်ထွန်းတို့ ဖမ်းဆီးခံခဲ့ရ​ကြောင်းသိရသည်။

မိုးညှင်းကျောင်းသားသမဂ္ဂ အမှု​ဆောင်​ဟောင်း မမြတ်နိုးဝေနှင့် လူငယ်အမျိုးသားတစ်ဦး ယနေ့ဖမ်းဆီးခံရ

 

အသက် ၂၄နှစ်အရွယ် မမြတ်နိုး​ဝေသည် မြစ်ကြီးနားတက္ကသိုလ်​ကျောင်းသူတစ်ဦးဖြစ်ပြီး ၅၀၅-က ဖြင့် စစ်​ကောင်စီက ဝရမ်းထုတ်ထားသူဖြစ်သည်။ ကို​ကျော်မြင့်ထွန်းသည် အသက် ၂၀အရွယ်ခန့်ဖြစ်​​ကြောင်း မိုးညှင်း​ဒေသခံများမှသိရသည်။
၎င်းတို့ ၂ ဦးကို ဖမ်းဆီးသူများမှာ ​သေနတ်လွယ်ထား​သော အရပ်ဝတ်များဖြစ်ပြီး ရဲစခန်းသို့​ခေါ်​ဆောင်သွား​ကြောင်း ကနဦးသိရသည်။
စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ပြန်ထားသည့် စာရင်းတွင် မိုးညှင်း တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့နှင့် နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် လူငယ် ၁၂ ဦး၊ သပိတ်ဦးဆောင်သူ ၂ ဦးနှင့်အလွတ်တန်းသတင်းထောက်တစ်ဦးကို သဘာဝဘေးစီမံ ဥပဒေပုဒ်မ (၂၅)နှင့် ဖမ်းဝရမ်းထုတ်ပြန်ထားသည်။

လက်ရှိအချိန်အထိ မိုးညှင်းမြို့နယ်အတွင်း စစ်ကောင်စီက ဖမ်းဆီးထောင်ချခံရသူ ၆၀ခန့်ရှိပြီး သေဆုံးသူ (၃)ဦးရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ