Breaking News 47 Media

ဖားကန့်မြို့ ၊ မြို့မရပ်ကွက် ကလပ်ကုန်းမှ စစ်​ကောင်စီ၏ ဗျူဟာကုန်းတွင် ယ​နေ့ ည ၁၀နာရီခန့်မှစ၍ တိုက်ပွဲပြင်းထန်​နေ​ကြောင်း ဖားကန့်​ဒေသခံများထံမှသိရသည်။

​”သေနတ်သံ​တွေ၊ လက်နက်ကြီးသံ​တွေ ဆက်တိုက်ကြား​နေရတယ်။ ဗျူဟာကုန်း​အောက်က အိမ်​တွေမှာ ကျည်ဆံခွံ့​တွေ​တောင် ကျတယ်” ဟု ပြည်သူတစ်ဦးက​ပြောသည်။
တိုက်ပွဲ​ကြောင့် မရှီက​ထောင်ရပ်ကွက်မှ ပြည်သူအချို့ ကတုတ်ကျင်းအတွင်း ပုန်း​​​အောင်း​နေ​ကြောင်း ထိုရပ်ကွက်​နေပြည်သူများက ပြောသည်။

ယ​နေ့ည ၁၀နာရီ ၄၅မိနစ်အထိ တိုက်ပွဲသံများကို ဖားကန့်​၊ လုံးခင်း၊ ဆိုင်း​တောင်​ကျေးရွာများအထိ ကြား​နေရ​​ကြောင်း ဖားကန့်​ဒေသခံများက​ပြောသည်။

သင့်ထင်မြင်ချက်ရေးပေးပါ