မြို့လှမြို့

စစ်​ကောင်စီတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားစဥ် ကျဆုံးသွားခဲ့​သော ​KIA ဗိုလ်ဖြစ်သူ ​ကိုဇော်ဂျာ​နော်အား ရတနာပုံ​တက္ကသိုလ် ကုန်ထုတ်ဓါတု​ဗေဒ​ကျောင်းသား/​ကျောင်းသူများမှ ဒီမိုက​ရေစီသူရဲ​ကောင်းအဖြစ် ကမ္ဗည်းမှတ်တမ်းတင်​ကြောင်း ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နာတွင် ​ရေးသားထားသည်။

မြို့လှမြို့

 

ထို့အပြင် ကို​ဇော်ဂျာ​နော် ကျဆုံးခြင်းအတွက် ရတနာပုံတက္ကသိုလ် ကုန်ထုတ်ဓာတုဗေဒ ကျောင်းသား/ကျောင်းသူများအားလုံးမှ အထူးဝမ်းနည်းကြေကွဲရ​ကြောင်း​ဆိုသည်။
ကို​ဇော်ဂျာ​နော်သည် ရတနာပုံတက္ကသိုလ် ကုန်ထုတ်ဓာတုဗေဒ ကျောင်းသား​ဟောင်းတစ်ဦးဖြစ်သည်။

မည်သည့်တိုက်ပွဲတွင် ကို​ဇော်ဂျာ​နော် ကျဆုံးခဲ့သည်ကို The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

သင့်ထင်မြင်ချက်ရေးပေးပါ