မုံရွာမြို့၏ သပိတ်ခေါင်းဆောင် ဖမ်းဆီးခံရ

မုံရွာမြို့၏ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ယနေ့နေ့လယ်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးသွားသည်ဟု သိရသည်။

မုံရွာမြို့၏ သပိတ်ခေါင်းဆောင် ဖမ်းဆီးခံရ

ဆိုင်ကယ်သပိတ်လှည့်လည်နေစဉ် ကိုဝေမိုးနိုင်စီးလာသည့်ဆိုင်ကယ်ကို အိမ်စီးကားဖြင့်တိုက်ကာ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မျက်မြင်တစ်ဦးက ပြောသည်။
ကိုဝေမိုးနိုင်သည် မုံရွာမြို့၏ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များကို ဦးဆောင်နေသည့် လူငယ်တစ်ဦးဖြစ်ပြီး မုံရွာဒေသခံများ၏ ထောက်ခံမှုအပြည့်အဝရရှိထားသူဖြစ်သည်။

မုံရွာမြို့၏ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုသည် မြန်မာနိုင်ငံတစ်ဝှမ်း အင်အားအကောင်းဆုံးမြို့များထဲတွင် တစ်မြို့အပါအဝင်ဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ