Breaking News 47 Media

ကချင်ပြည်နယ် ဖားကန့်မြို့နယ် အေးမြသာယာရပ်ကွက်တွင် သေနတ်ပစ်ခတ်သံများကြားနေရဟု သိရသည်။

ဖားကန့်မြို့ အေးမြသာယာရပ်ကွက်တွင် ပစ်ခတ်သံများကြားနေရသည်ဟု ဒေသခံတစ်ဦးက The 74 media ကို ပြောသည်။
“အေးမြသာယာမှာ ခုပဲ ပစ်ခတ်သံတွေ အရမ်း ကြားနေရတယ် နှစ်ဖက်ပစ်တာလား တစ်ဖက်ထဲပစ်တာလားတော့ မသိဘူး ထွက်ကြည့်လို့မရတော့ ပစ်နေတာတော့ သေချာတယ်” ဟု သူကပြောသည်။

ဖားကန့်မြို့နယ် လုံးခင်းအနီးအဝိုက်တွင် မတ်လ ၁၁ ရက်နေ့မှ စတင်ကာ ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရဲတပ်ရင်း သိမ်းပိုက်ခံရမှုများလည်းရှိခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *