Breaking News 47 Media

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်တွင် ယနေ့ ဧပြီလ ၁၁ ရက်နေ့ည ၇:၁၀ မိနစ်ခန့်မှ စတင်ကာ သေနတ်သံများ မိုင်းဟုယူဆရသော ပေါက်ကွဲသံများ ဆက်တိုက် ကြားနေရကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက The 74 media ကိုပြောသည်။

“နှစ်ဖက်ပစ်တဲ့အသံတော့မဟုတ်ဘူး သေနတ်သံ မိုင်းသံတွေတော့ ဆက်တိုက်ကြားနေရတယ် ၇:၁၀ မိနစ်လောက်ကစတာ ခနငြိမ်ပြီး အခုလဲပြန်ပစ်နေပြီ” ဟု သူကပြောသည်။
လယ်ကုန်းရပ်ကွက်သည် တပ်ရင်း (၃၀) တပ်စခန်းနှင့် မြစ်ကြီးနား အကျဉ်းထောင် တည်ရှိသော ရပ်ကွက်တစ်ခုဖြစ်သည်။

(၇နာရီခွဲခန့်က ဆက်သွယ်မေးမြန်းထားခြင်းဖြစ်သည်။)

သင့်ထင်မြင်ချက်ရေးပေးပါ