KIA Solider(ကေအိုင်အေ)

ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည်ဟု သိရသည်။

ကချင်လွတ်မြောက်ရေးတပ် (KIA) က မတ်လ ၂၅ ရက်နေ့တွင် သိမ်းပိုက်ခဲ့သည့် မိုးမောက်မြို့နယ်မှ အလောဘွမ် စခန်းအနီးတဝိုက်တွင်တိုက်ပွဲများဖြစ်ပွားနေသလို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုများရှိသည်ဟု သိရသည်။
အလောဘွမ်တပ်စခန်းဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်နေသဖြင့် မကြာမှီတိုက်ပွဲကြီးဖြစ်လာမည်ဟု လိုင်ဇာ ဒေသခံအချို့က သုံးသပ်သည်။

အလောဘွမ်တပ်စခန်းကို ကေအိုင်အေက မတ်လ (၂၅) ရက်နေ့တွင် သိမ်းပိုက်ခဲ့ပြီး လက်နက်အများအပြားနှင့် စစ်သုံ့ပန်းများကို ဖမ်းဆီးရမိခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ