စစ်ကောင်စီတပ်ဖွဲ့ဝင်များ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်း ဖားကန့်မြို့နယ်ဘက်သို့ဦးတည်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စစ်ယာဉ်တန်းကို ယမန်နေ့ ဧပြီ ၈ ရက် ည ၁၀ နာရီ ခန့်တွင် ကေအိုင်အေက မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

မိုးကောင်းနှင့် မရန်ကထောင်ကျေးရွာအကြား စစ်ကောင်စီတပ်ဖွဲ့၏ စစ်ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“ဖားကန့်ဘက်တက်လာတဲ့ စစ်ယာဉ်တန်းကို မိုးကောင်းနဲ့ မရန်ကထောင်ကြားက တံတားနားမှာ ကေအိုင်အေဘက်က မိုင်းခွဲတာ” ဟု ပြောသည်။
စစ်ကောင်စီတပ်၏ မည်သည့်တပ်ရင်းဖြစ်သည်နှင့် ထိခိုက်ကျဆုံးမှုမည်မျှရှိသည်ကို မသိကြောင်း သူက ဆက်ပြောသည်။
ကချင်ပြည်နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူသေဆုံးသည်အထိ အကြမ်းဖက်နှိပ်ကွပ်ခဲ့သည့်နောက်ပိုင်း ကေအိုင်အေနှင့် စစ်ကောင်စီတပ်များအကြားတိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့သည်။

Photo Credit – Getty Images

သင့်ထင်မြင်ချက်ရေးပေးပါ