Breaking News 47 Media

ဖားကန့် မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းကို အေးမြသာယာရပ်ကွက်တွင် ယနေ့နံနက် ၉ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖြိုခွင်းခဲ့သည်ဟု သိရသည်။

သပိတ်စစ်ကြောင်းရှေ့တွင် ပါဝင်သည့် ကျည်ကာအင်္ကျီဝတ်ထားသူများကို ဖမ်းဆီးသွားသည်ဟု မျက်မြင်သက်သေတစ်ဦးက ပြောသည်။
“ဒီမနက်က လူစုနေတဲ့အချိန် ဖြိုခွင်းတာ၊ ကျည်ကာဝတ်တဲ့ ငါးယောက်ကို ဖမ်းသွားတယ်၊ အခု အားလုံးစုစုပေါင်း ၇ ယောက်ဖမ်းသွားတာ၊ ဖုန်းတွေလည်း အကုန်စစ်နေတယ်” ဟု ပြောသည်။
သပိတ်စစ်ကြောင်းကို ဖြိုခွင်းသည့် ရဲအင်အား တစ်ရာပတ်ဝန်းကျင်ခန့်ရှိသည်ဟု သူက ဆက်ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လမ်းသွားလမ်းလာများကို ဖုန်းများ စစ်ဆေးနေသည်ဟု သိရသည်။

ဖားကန့်မြို့သည် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ အားကောင်းသည့် မြို့တစ်မြို့ဖြစ်ပြီး ယမန်နေ့ည ၈ နာရီခန့်ကလည်း ညသပိတ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖြိုခွင်းခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ