မြစ်ကြီးနားမြို့ ညဈေးတန်းအနီး ယာဉ်တိုက်မှု ဖြစ်ပွာ

မြစ်ကြီးနားမြို့၊ ရှမ်းစုမြောက်ရပ်ကွက်၊အောင်ဆန်းလမ်း၊ မြဧရာ စားသောက်ဆိုင်ရှေ့တွေ ယနေ့ ၁ နာရီ ၄၅ မိနစ်ခန့် က ကားနှင့် ဆိုင်ကယ် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ ညဈေးတန်းအနီး ယာဉ်တိုက်မှု ဖြစ်ပွာ

 

ဆိုင်ကယ်စီးသူနှစ်ဦး တစ်ဦးသည် မျက်နှာပွန်းပဲ့ ဒဏ်ရာနှင့် ပေါင်တွင်ဒဏ်ရာရရှိခဲ့သည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။
“ဆိုင်ကယ်ကအရှိန်နဲ့ လမ်းဆုံထဲဝင်လာတဲ့အခါ ကားဆရာက အောင်ဆန်းလမ်းကနေ လာတာ ဘယ်လိုမှ မထိန်းနိုင်တော့ဘဲ နောက်ကဝင်တိုက်တာ ဆိုင်ကယ်သမားတစ်ယောက်ကတော့ မျက်နှာပွန်းပဲ့ဒဏ်ရာနဲ့ ပေါင်မှာသွေးထွက်လို့ ဆေးရုံခေါ်သွားလိုက်ပြီ” သူကပြောသည်။

ဆိုင်ကယ်စီးလာသူနှစ်ဦးမှာ အသက် ၁၄ နှစ်ခန့်ရှိသည့် ယောက်ျားလေးနှစ်ဦးဖြစ်ကြောင်းသိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ