Breaking News 47 Media

ဗန်းမော်မြို့တွင် ယနေ့နံနက်ပိုင်းက လူငယ်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရိုက်နှက်ပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု သိရသည်။

ပစ်ခတ်သတ်ဖြတ်ခံရသူသည် မင်းမနိုင်ရပ်ကွက်တွင်နေထိုင်သူ ကိုဝင်းနိုင်ဦး (ခ) ဖိုးသားဖြစ်ပြီး အကြမ်းဖက်ရိုက်နှက်သတ်ဖြတ်ခံရခြင်းဖြစ်သည်။
ကိုဝင်းနိုင်ဦးကို ရင်ဘတ်နှင့် ခြေထောက်တွင်ပစ်ခတ်ခဲ့ပြီး အလောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယူဆောင်သွားသည်ဟု သိရသည်။

ဆက်လက်ဖော်ပြပါမည်။

သင့်ထင်မြင်ချက်ရေးပေးပါ