အင်ဂျန်းယန်မှ စစ်ရှောင်ပြည်သူများ အရေးပေါ်အကူအညီလိုအပ်နေ

ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်မှ စစ်ရှောင်ပြည်သူများ အရေးပေါ်လူသားချင်းစာနာမှု အကူအညီလိုအပ်နေသည်ဟု သိရသည်။

အင်ဂျန်းယန်မှ စစ်ရှောင်ပြည်သူများ အရေးပေါ်အကူအညီလိုအပ်နေ

 

စစ်ရှောင်ပြည်သူများသည် မတ်လ ၁၅ ရက်နေ့တွင် ကျေးရွာစွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် အစားအသောက်နှင့် နေ့စဉ်သုံးပစ္စည်းများလိုအပ်နေသည်ဟု ဆရာတစ်ဦးက ပြောသည်။
“အခုက အစားအသောက်ပေါ့၊ ဆေးဝါး ကျွန်တော်တို့ဒီဘက်မှာက လေးလပိုင်းအလယ်လောက်ဆိုတာနဲ့ မိုးစပြီလေ၊ ထီးတို့ မိုးကာတို့ တစ်ကိုယ်ရည်အတွက်ကျန်းမာရေးအတွက်ပေါ့” ဟု ပြောသည်။
စစ်ရှောင်များ၏ လိုအပ်သည့် အကူအညီများကို စစ်ကောင်စီတပ်က တားဆီးပိတ်ဆို့ထားသဖြင့် ပိုမိုခက်ခဲနေသည်ဟု သူက ဆက်ပြောသည်။
“တားဆီးပိတ်ပင်တာမျိုးရှိတဲ့အတွက် ပေါ်တင်ပို့ပေးလို့မရဘူးပေါ့၊ စစ်ရှေင်တွေရဲ့ပစ္စည်းဟုတ်တယ်ဆိုပြီးမှ ကားနဲ့ တင်သွားလို့ရတယ် ဒါပေမဲ့ အခုအခြေအနေက စစ်ရှောင်လည်းနားမလည်ဘူး၊ ဘယ်အဖွဲ့အစည်းတွေရဲ့ပစ္စည်းတွေပဲဖြစ်ဖြစ် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးပေးလိုက်မယ်၊ ပစ္စည်းပိုင်ရှင်တွေ့တာနဲ့ သတ်မယ်ဖြတ်မယ်ဆိုတာပဲဖြစ်နေတာပေါ့” ဟုဆိုသည်။
လက်ရှိအချိန်တွင် ဘွမ်ရာယန် စစ်ရှောင်စခန်း တွင် ထွက်ပြေးတိမ်းရှောင်နေကြပြီး ကူညီပေးမည့်သူမရှိသေးကြောင်းသူက ဆက်ပြောသည်။

အင်ဂျန်းယန်မြို့နယ်၊ ဂွေထောင်ကျေးရွာမှ ၁၇ မိုင်အထက်မှ ကျေးရွားများအားလုံး အိမ်ထောင်စု ၁၉၅ စု၊ လူဦးရေ ၉၀၄ ဦး ထွက်ပြေးတိမ်းရှောင်နေကြသည်။

သင့်ထင်မြင်ချက်ရေးပေးပါ