ကိုမျိုးမင်းသူ

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် စစ်ကောင်စီများက အကြမ်းဖက်ပစ်ခတ်ခဲ့သဖြင့် ကျဆုံးခဲ့သည့် ကိုမျိုးမင်းသူ၏ အသုဘစုရပ်နေရာပြောင်းရွှေ့လိုက်သည်ဟု သိရသည်။

အသုဘစုရပ်နေရာကို အောင်နန်းရပ်ကွက်ရှိ ကင်းဘိလိယက်ခုံဘေးသို့ရွှေ့ဆိုင်းလိုက်သည်ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
” နဂိုက အထက ၃ ဘေးမှာစုမလို့ပဲ၊ အဲတာ အမှတ် ၂ ရဲစခန်းနဲ့ အရမ်းနီးတော့ တချို့ကစိုးရိမ်တော့ နေရာပြောင်းရွှေ့ဖို့ တောင်းဆိုတာနဲ့ အထက ၂ ဘေးက ကင်းဘိလိယက်ခုံဆိုင်နားကို ရွှေ့လိုက်တာပါ” ဟု ပြောသည်။
အသက် ၂၃ နှစ်အရွယ် ကိုမျိုးမင်းသူ၏ အလောင်းကို ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယူဆောင်သွားပြီး နံနက် ၁၁ ခွဲခန့်တွင် ပြန်လည်ပို့ဆောင်ပေးခဲ့သည်။
ကိုမျိုးသူကို ယနေ့နေ့လယ် ၂ နာရီတွင် အစ္စလာမ်ဘာသာထုံးတမ်းဓလေ့နှင့်အညီ သဂြိုလ်မည်ဖြစ်သည်။

ကိုမျိုးမင်းသူသည် မတ်လ ၃၀ ရက်နေ့လယ်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်ခဲ့သည့် သေနတ်ကျည်ဆံထိမှန် ကျဆုံးသွားခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ