“၈နာရီလောက်ကြရင် မပခ တိုင်းရုံးထဲကို ရင်ခွဲဖို့ ယူသွားမယ်လို့ ပြောတယ်။ ပြီးရင်တော့ကောင်းကောင်းမွန်မွန်ပြန်ပို့ပေးမယ်ဆိုတဲ့ စကားလုံးကတိတော့ ယူလိုက်ရတာပေါ့။ ခေမာသီရိက အီဒဂါကွင်းအရှေ့မှာ ၂ နာရီကျရင် သဂြိုလ်မယ် ” ဟု ကိုမျိုးမင်းသူ၏ ယောက်ဖဖြစ်သူက The 74 Media ကိုပြောသည်။
အသက် ၂၃နှစ်အရွယ် ကိုမျိုးမင်းသူသည် မတ်လ ၃၀ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်းရင်း မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်၊ ကွက်သစ် နယ်မြေ ၁၄ တွင် ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသောကြောင့် ကျဆုံးခဲ့ခြင်းဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ