KIO ဌာနချုပ် လိုင်ဇာအထက်တန်းကျောင်းတွင် K.G မှ ၉တန်းထိ အောင်စာရင်းထုတ်ပြန်၊ အောင်ချက် ၉၈ ရာခိုင်နှုန်းကျော်

KIO ဌာနချုပ် လိုင်ဇာအထက်တန်းကျောင်းတွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အောင်စရင်းကို ယမန်နေ့ မတ်လ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

KIO ဌာနချုပ် လိုင်ဇာအထက်တန်းကျောင်းတွင် K.G မှ ၉တန်းထိ အောင်စာရင်းထုတ်ပြန်၊ အောင်ချက် ၉၈ ရာခိုင်နှုန်းကျော်

 

လိုင်ဇာမြို့ရှိ အထက်တန်းကျောင်းတွင် အောင်စာရင်းထုတ်ပြန်ပေးခဲ့ပြီး အောင်ချက် ၉၈ ရာခိုင်နှုန်းကျော်သည်ဟု ဒုကျောင်းအုပ်ကြီး ကိုဆန်အောင်က The 74 Media ကိုပြောသည်။
” ကိုဗစ် ၁၉ ကြောင့် စာသင်ချိန် လျော့နည်းသွားတယ်၊ ပြီးတော့ နိုင်ငံရေး အခြေအနေကြောင့် စာမေးပွဲကို သတ်မှတ်ထားတဲ့ အချိန်ထက်စောပြီး စာမေးပွဲမေးခဲ့ရပါတယ်။ အောင်ချက်ရာခိုင်နှုန်ကတော့ ၉၈% ကျော်တယ်” ဟု သူကပြောသည်။
ဆယ်တန်းကျောင်သားများအနေနှင့် ‌ဧပြီလ ၁၂ ရက်မှစတက်ကာ တက္ကသိုလ်ဝင်းတန်း စာမေးပွဲကို ဖြေဆိုရမည်ဖြစ်သည်။

လက်ရှိကျောင်းတွင် တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမ ၆၇ ဦးရှိပြီး သင်ကြားရေးနည်းပြ အင်အားလိုအပ်နေဆဲဖြစ်သည်ဟု သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ