နီပေါနိုင်ငံသားများ မြန်မာသံရုံးရှေ့တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်

မြန်မာ့စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆန္ဒပြပြည်သူများကို အကြမ်းဖက်သတ်ဖြတ်ခြင်းနှင့် နှိပ်ကွပ်ခြင်းတို့ကို ဆန့်ကျင်ကန့်ကွက်သည့် လှုပ်ရှားမှုတစ်ခု နီပေါနိုင်ငံဆိုင်ရာမြန်မာသံရုံးရှေ့တွင် ယနေ့ပြုလုပ်ခဲ့သည်။

နီပေါနိုင်ငံသားများ မြန်မာသံရုံးရှေ့တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်

 

နီပေါကျောင်းသူကျောင်းသားများအဖွဲ့တစ်ခုဖြစ်သည့် အခီလ် ကရန်တီကာရီအဖွဲ့ကဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ရှင်သန်လာစေရန် ရည်ရွယ်ပြီးလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဆန္ဒပြပြည်သူများကို နှိပ်ကွပ်နေမှုများရပ်တန့်ပေးရန် မြန်မာ့စစ်ခေါင်းဆောင်များကို ကျောင်းသားခေါင်းဆောင်များကတောင်းဆိုခဲ့ကြသည်။

သင့်ထင်မြင်ချက်ရေးပေးပါ