KIA အဖွဲ့

ကချင်ပြည်နယ် ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာတွင် ကေအိုင်အေနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား ယနေ့နံနက် ၉ နာရီခွဲခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

ကေအိုင်အေ၏ တပ်မဟာ ၁၊ တပ်ရင်း ၇ တပ်ဖွဲ့ဝင်များက ဆွမ်ပီယန်ကျေးရွာတွင် တပ်စွဲထားသည့် ခလရတပ်ရင်း ၁၃၈ နှင့် ၄၆ တို့ကို သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယနေ့နံနက်ပိုင်းကလည်း ကေအိုင်အေတပ်ဖွဲ့ဝင်များက ရွှေကူမြို့နယ်ရှိရဲတပ်ရင်းတစ်ခုကို သွားရောက်တိုက်ခိုက်ခဲ့သဖြင့် စခန်းမှူးဖြစ်သူ ဒဏ်ရာရရှိခဲ့သည်။

ကချင်ပြည်နယ်အတွင်းရှိ ဆန္ဒပြပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူသေဆုံးသည်အထိ အကြမ်းဖက်ဖြိုခွင်းခဲ့ပြီးနောက် ကေအိုင်အေတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပေါ်ခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ