CNN သတင်းထောက်သွားရောက်သည့်နေရာမှ ပြည်သူများ ဒန်အိုးတီးခေါက်ပြီး ဆန္ဒထုတ်ဖော်

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် CNN သတင်းထောက် Clarissa Ward က သူမရောက်ရှိနေသည့် ရန်ကုန်မှ ပြည်သူများ ဒန်အိုးခွက်များ တီးခေါက်နေကြသည်ဟု ယနေ့နေ့လယ်က ပြောဆိုလိုက်သည်။

CNN သတင်းထောက်သွားရောက်သည့်နေရာမှ ပြည်သူများ ဒန်အိုးတီးခေါက်ပြီး ဆန္ဒထုတ်ဖော်

 

သူမ၏ Instagram လူမှုကွန်ရက်စာမျက်နှာတွင် ထိုသို့ပြောဆိုဖော်ပြထားခြင်းဖြစ်ပြီး သူမကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ယာဉ်တန်းဖြင့် ခေါ်ဆောင်သွားသည်ဟု ဆိုသည်။
သူမက “ကျွန်မဖုန်းကနေ အသံတော့ သိပ်မကြားရဘူး။ ဒါပေမဲ့ လက်နက်အပြည့်အစုံတပ်ထားတဲ့ ကျွန်မတို့ရဲ့စစ်ယာဉ်တန်းကြီးဖြတ်တဲ့လမ်းပေါ်မှာ လူတွေက ဒန်အိုးခွက်တွေ တီးနေကြတယ်” ဟု ရေးသားထားသည်။
CNN ၏ နိုင်ငံတကာသတင်းထောက်ချုပ်ဖြစ်သူ Clarissa Ward သည် Korean Air လေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ ယနေ့နံနက်တွင် ရောက်ရှိခဲ့သည်။

သူမသည် ယခင်က ရှရှားနိုင်ငံတွင်အခြေစိုက်ခဲ့ဖူးပြီး ယူကရိန်းအရေးအခင်းနှင့် အရှေ့အလယ်ပိုင်းအရေးအခင်းများကို အကျယ်တဝင့် သတင်းတင်ဆက်ခဲ့ဖူးသည်။

သင့်ထင်မြင်ချက်ရေးပေးပါ