ဖားကန့်လုံးခင်းတိုက်ပွဲတွင် ရဲ ၃၀ ကျော်သေဆုံးခဲ့

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းမြို့ရှိ တောက်ပကြယ်ကုမ္ပဏီလုပ်ကွက်ဟောင်း အတွင်း တပ်စွဲထားသည့် ရဲတပ်ဖွဲ့ဝင်များကို ကေအိုင်အေက မတ်လ ၂၈ ရက်တွင် တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးခဲ့သည်ဟု သိရသည်။

ဖားကန့်လုံးခင်းတိုက်ပွဲတွင် ရဲ ၃၀ ကျော်သေဆုံးခဲ့

 

မတ်လ ၂၈ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့အကြား တောက်ပကြယ်ကုမ္ပဏီတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးခဲ့ပြီး အလောင်းအများစုကို သယ်ယူသွားခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။
“အလောင်းတွေအများကြီးကောက်နေတာလေ၊ ၂၀ ကျော် ၃၀ ကျော်လောက်တော့ရှိတယ်၊ ရဲတွေအများပိုင်းပေါ့၊ အထူးတိုက်ခိုက်ရေးရဲတွေပေါ့” ဟု ပြောသည်။
သေဆုံးသွားသည့် ရဲတပ်ဖွဲ့ဝင်အများစုကို သယ်ယူခဲ့ပြီးဖြစ်သော်လည်း ကုမ္ပဏီစောင့်ခွေးများက ဝိုင်းကိုက်ထားသည့် ရဲတစ်ဦး၏အလောင်းကို ရေမဆေးရှာဖွေသူများက ယမန်နေ့တွင် တွေ့ရှိခဲ့သည်ဟု သူက ဆက်ပြောသည်။
“အဲ့အလောင်းတစ်ခု ကျန်သွားတာထင်တယ်၊ မနေ့ကနေ့လယ်ပိုင်းကတွေ့တာ၊ ကုမ္ပဏီစောင့်တဲ့ခွေးတစ်ချို့တော့ ပါးတစ်ဖက် ကိုက်ပေးထားတယ်၊သွားစားလိုက်တာပေါ့ ခွေးတွေက” ဟု သူကပြောသည်။

ဖားကန့်တွင်ဆန္ဒပြပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူသေဆုံးသည်အထိ အကြမ်းဖက်ဖြိုခွင်းခဲ့သည့်နောက်ပိုင်း ဖားကန့်မြို့နယ်အတွင်း ကေအိုင်အေနှင့် စစ်ကောင်စီအဖွဲ့များအကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ