ဒူကထောင်

မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက် နှစ်ခြင်းဘုရားကျောင်း အနောက်ဘက်ရှိ ဘောလုံးကွင်းတွင် ည ၇ ခွဲခန့်က ရဲတစ်ဦး သေနတ် ပစ်ဖောက်သွားကြောင်း သိရသည်။

အိမ်စီးကားမှ ထွက်လာသည့် ရဲတစ်ဦး သေနတ် တစ်ချက်‌ ပစ်ဖောက်သွားသည်ဟု မျက်မြင်တွေ့သူတစ်ဦးက The 74 media ကိုပြောသည်။
” အိမ်စီးကား ၃ စီးဟုတ်တယ်။ ရဲဝတ်စုံနဲ့သူတစ်ယောက်ထွက်လာပြီး သေနတ်ကို မိုးပေါ်ထောင်ပြီး ၁ ချက်ပစ်သွားတာ။ လူငယ်တစ်ဖွဲ့ကို လိုက်တယ်လို့တော့ ကြားလိုက်တယ်။ အကြောင်းအရင်းတော့ သေချာမသိဘူး” ဟု ပြောသည်။

မြစ်ကြီးနားမြို့တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သေနတ်ပစ်ဖောက်ခြင်းနှင့် ညဘက်တွင် အသံမိုင်း​ပေါက်ကွဲမှုများဖြစ်ပွားခဲ့​သော်လည်း လူထိခိုက်မှုမရှိ​ကြောင်းသိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ