အမျိုးသမီးတစ်ဦးအား နေအိမ်တွင် လာရောက်ဖမ်းဆီးသွာ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံရပ်ကွက်ရှိ အိမ်တန်းလျားတွင် နေထိုင်သည့် အမျိုးသမီး တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့နံနက် ၁၀ နာရီခန့်တွင် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

အမျိုးသမီးတစ်ဦးအား နေအိမ်တွင် လာရောက်ဖမ်းဆီးသွာ

 

အရပ်ဝတ်များအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၁၀၀) ခန့်က အိမ်တန်းလျားများရှိ နေအိမ်အတွင်းသို့ ဝင်ရောက်ပြီး ဖုန်းများကို စစ်ဆေးကာ ဖုန်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဖမ်းဆီးခံရသူ၏ မိခင်က ပြောသည်။
“၁၀နာရီ လောက်ကပါသွားတာ အိမ်ထဲဝင်ယူတာ သူတို့ဘာသာရှာသွားတာ အဲ့တော့ သမီးက အန်တီ အိတ်ထဲဖွက်ထားတာကိုပေးလိုက်တာသူက ဖုန်းအတင်းတောင်းတာကို မပေးရင် ရိုက်တော့မှာလေ သူတို့က ခင်ဗျားတို့ဘာလို့တံခါးဖွင့်မပေးတာလဲ ဖွင့် ပေးလိုက်ရင် သူတို့က သေနတ်တွေနဲ့ချိန်ထားတာကို ကြောက်လို့ဖွင့်မပေးတော့ မထူးဘူးလေ ပစ်ချင်ရင်ပစ်ပါစေတော့ဆိုပြီး ဖွင့်ပေးလိုက်တာ နှစ်ဖွဲ့က အဲ့လောက်မဆိုးဘူး နောက်ဆုံးအဖွဲ့က အဲ့လိုမျိုးလုပ်သွားတာ” ဟု သူကပြောသည်။
ဖမ်းခံရသည့် အမျိုးသမီးသည် မိခင်နှင့် အတူနေထိုင်ကာ အခြား နယ်မှ လာရောက် အလုပ်လုပ်ကိုင်သူဖြစ်ကြောင်း မိခင်ဖြစ်သူကပြောသည်။

ထို့အပြင် အနီးအနားမှ အခြားအိမ်ခန်းတံခါးများလည်း ဖျက်စီးခံရသည်ဟု သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ