Breaking News 47 Media

မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်၊ USA Lum Tu ဖုန်းဆိုင်အနီး၊ ဆွမ်ပရာဘွမ်လမ်းမ​​ပေါ်တွင် ယ​နေ့ည ၈နာရီအချိန်ခန့်က မိုင်း ၂ လုံး ​ပေါက်ကွဲခဲ့​ကြောင်းသိရသည်။

“USA Lum Tu ဖုန်းဆိုင်အ​ကျော် ကတ္တရာလမ်း​ဘေးမှာ ​ပေါက်ကွဲတာ…အသံအကျယ်ကြီးပဲ။ ၂ချက်​​ ဟုတ်တယ်။ လူ​တော့မထိဘူး” ဟု အဆိုပါ လမ်းမကြီးအနီးတွင်​နေထိုင်သူတစ်ဦးက ​ပြောသည်။

မြစ်ကြီးနားမြို့တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ညဘက်အချိန်တွင် ယခုကဲ့သို့ မိုင်း​ပေါက်ကွဲမှုဖြစ်ပွားခဲ့​သော်လည်း လူထိခိုက်မှုမရှိ​ကြောင်းသိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ