မြစ်ကြီးနား အမှတ် ၂ ရဲစခန်း မီးကွင်းပစ်ခံရ

မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်ရှိ အမှတ် ၂ ရဲစခန်း နေ့လယ် ၁၂ နာရီခန့်က မီးကွင်းပစ်ခံရသည်ဟု သိရသည်။

မြစ်ကြီးနား အမှတ် ၂ ရဲစခန်း မီးကွင်းပစ်ခံရ

 

လူတစ်စုပြေးထွက်သွားပြီးနောက် ရဲစခန်းအနောက်ဘက်မှ မီးခိုးများထွက်လာပြီး ကလေးနှင့်အမျိုးသမီးတို့၏ အော်သံကြားရသည်ဟု မျက်မြင်တစ်ဦးက ပြောသည်။
“လူအုပ်က တစ်ခုခုတော့ပစ်ထည့်လိုက်တယ် ရဲစခန်းဝင်းထဲကိုလေ အဲ့နောက်တော့ မီးခိုးတွေထွက်လာတယ်၊ ဘေးကလူတွေပြောတာက မီးကွင်းပစ်တာတဲ့၊ ရဲစခန်းထဲက ကလေးနဲ့ မိန်းကလေးအော်သံတွေကြားလိုက်တာပဲ၊ ကျွန်မရဲစခန်းဘေးက ဖြတ်သွားရင်းတွေ့တာ” ဟု သူမက ပြောသည်။
ကားနှင့်ဖြတ်သွားခြင်းဖြစ်သဖြင့် ရဲစခန်းအတွင်းမည်မျှထိခိုက်သည်ကို မသိရကြောင်း သူမက ဆက်ပြောသည်။
“ကျွန်မလည်း ကားနဲ့ဘေးကဖြတ်သွားတာဆိုတော့ အဲလောက်ပဲတွေ့လိုက်တာ ကျန်တာတော့ မသိဘူး” ဟုဆိုသည်။

မြစ်ကြီးနားမြို့ရမ်ပူရပ်ကွက်တွင်ဆန္ဒထုတ်ဖော်သူများကို ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွင်းခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *