မြစ်ကြီးနားခရိုင်ပညာရေးရုံးတွင် မိုင်းပေါက်ကွဲ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ခရိုင်ပညာရေးရုံးတွင် ယနေ့နေ့လယ် ၁၂ နာရီခွဲခန့်က မိုင်းပေါက်ကွဲခဲ့သည်ဟု သိရသည်။

မိုင်းပေါက်ကွဲသည်ဟု ယူဆရသည့် အသံကျယ်တစ်ခုကို ကြားလိုက်ရသည်ဟု မျက်မြင်သက်သေတစ်ဦးက ပြောသည်။
“ပေါက်ကွဲတဲ့အသံကြားတယ် အိမ်က အခုဖြစ်တဲ့နေရာနဲ့အရမ်းနီးတော့ အိမ်တွေခါသွားတယ်၊ ၁၅ မိနစ်‌လောက်နေတော့ ရဲကား စစ်ကားနဲ့ ရေကားတွေရောက်လာတယ် ခုပဲတော့ပြန်သွားပြီ” ဟု ပြောသည်။
မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုမည်မျှရှိသည်ကို The 74 Media က အတည်ပြုနိုင်ခြင်းမရှိပါ။

မြစ်ကြီးနားမြို့တွင် ဆန္ဒပြပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် အကြမ်းဖက်ဖြိုခွဲခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ