ဘူတာတိုက်တန်းရှိ အလှပြင်ဆိုင်မှ ဝန်ထမ်းအချို့ကို ဖမ်းဆီးထား

မြစ်ကြီးနားမြို့ ဘူတာတိုက်တန်းရှိ ကျင်းကျင်းအလှပြင်ဆိုင်မှ ဝန်ထမ်းများအား ရဲ့တပ်ဖွဲ့ဝင်များက ယမန်နေ့ည ၉ နာရီခန့်က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်

ကျင်ကျင်းဆံပင်ညှပ်ဆိုင်မှ ဆိုင်ဝန်ထမ်းခြောက်ဦးကို ရဲအင်အားနှစ်ဆယ်ခန့်ပါဝင်သည့် ရဲကားနှစ်စီးနှင့် အိမ်စီးကားတစ်စီးဖြင့် မတ်လ ၂၇ ရက်နေ့ ည ၉ နာရီခန့်က လာရောက်ခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့သူများက The 74 media ကို ပြောသည်။
“မနေ့ညကိုးနာရီလောက်မှာခေါ်သွာတာ ညတော်တော်နောက်ကျမှ ခေါ်သွားတဲ့ထဲက နှစ်ယောက်ကို ပြန်လာပို့တာ မြင်တယ်” ဟုသူကပြောသည်။
ဆိုင်တွင်နေထိုင်သော ဝန်ထမ်းခြောက်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး မရတနာဝင်းနှင့် မမိုးမိုး တို့နှစ်ဦးအား ယမန်နေ့ ည ၁၁ ခန့်က ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။
သို့သော် မြန်မာစကားမတတ်သော တရုတ်လူမျိုး ဆံပင်ညှပ်ဆရာ၊ မသက်သက်အောင်၊ မဇမီဆားရ်၊ နှင့် မဟက်ပီးလေး တို့ လေးဦးတို့အား ယခုအချိိန်အထိ ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်သည်။
ကျင်းကျင်းအလှပြင်ဆိုင်မှ ဝန်ထမ်းများကို ဖမ်းဆီးခဲ့သည်မှာ ယမန်နေ့ ဆန္ဒပြသူများကို လူစုဖြိုခွဲစဉ် ဆိုင်အတွင်း ပုန်းခိုခွင့်ပေးသောကြောင့်ဖြစ်နိုင်သည်ဟု အချို့က သုံးသပ်သည်။

မတ်လ ၂၇ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြမှုများ ကချင်ပြည်နယ်တဝှမ်းလုံးတွင် ဖြစ်ပေါ်ခဲ့ပြီး အာဏာသိမ်းတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွဲခဲ့သဖြင့် ငါးဦး သေဆုံးခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ