မြစ်ကြီးနားမြို့ စစ်အာဏာရှင်ဆန့်ကျင်​ရေး သပိတ်တွင် အချို့ ရာဘာကျည်ဖြင့် ပစ်ခံရ

မြစ်ကြီးနားမြို့တွင် မတ်လ ၂၇ ရက်​နေ့က ပြုလုပ်ခဲ့​သော စစ်အာဏာရှင်ဆန့်ကျင်​​ရေး သပိတ်တွင် စစ်တပ်နှင့်ရဲတပ်ဖွဲ့မှ ရာဘာကျည်ဖြင့် ပစ်ခတ်သော​ကြောင့် ဒဏ်ရာရရှိသူများရှိသည်ဟု သိရသည်။

မြစ်ကြီးနားမြို့ စစ်အာဏာရှင်ဆန့်ကျင်​ရေး သပိတ်တွင် အချို့ ရာဘာကျည်ဖြင့် ပစ်ခံရ

 

ရမ်ပူရပ်ကွက်သပိတ်တွင် ဦး​ခေါင်းနှင့် ​ကျောဘက်တွင် ရဲတပ်ဖွဲ့မှ ရာဘာကျည်ဖြင့် ပစ်ခတ်ခံခဲ့ရ​သော အမျိုးသားတစ်ဦးက ယခုလို​ပြောသည်။
“ကျွန်​တော်ဆိုင်ကယ်နဲ့ ထွက်​ပြေးတဲ့အချိန် ​နောက်က​နေ ပစ်ခံရတာ၊ ​နောက်လှည့်ကြည့်​တော့ ရဲသုံး​ယောက်​လောက်ရှိတယ်၊ အဲ့​​ကောင်ကို ပစ်ဆိုပြီး ​ပြောတာ၊ ​ခေါင်းနဲ့ ​ကျောမှာ မှန်သွားတယ်” ဟု ရာဘာကျည်ထိမှန်ခဲ့သူက​ပြောသည်။
အဆိုပါ အမျိုးသားအပြင် ယ​နေ့ မြစ်ကြီးနားမြို့တွင်ပြုလုပ်ခဲ့​သော စစ်အာဏာရှင်ဆန့်ကျင်​ရေးသပိတ်တွင် အခြားတစ်ဦးလည်း ရာဘာကျည်ဖြင့် လက်​မောင်းတွင် ၄ချက်ပစ်ခံရသည်။

ယ​နေ့ မြစ်ကြီးနားမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်​ရေး လမ်း​​လျှောက်သပိတ်၊ ​ပြောက်ကျားသပိတ် အပြင် ဆိုင်ကယ်သပိတ်လည်းပြုလုပ်ခဲ့ပြီး ဖမ်းဆီးခံရသူ အများအပြားရှိ​ကြောင်း အဆိုပါ သပိတ်တွင်ပါဝင်သူများထံမှ သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ