သူရဲကောင်း ကိုဝင်းဆွေ

မိုးညှင်းမြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ ပစ်ခတ်မှု ကြောင့် ကျဆုံးသွားခဲ့သော သူရဲကောင်း ကိုဝင်းဆွေ၏ နောက်ဆုံးခရီး လူသောင်းချီပို့ဆောင်ခဲ့ကြောင်းသိရသည်။

သူရဲကောင်း ကိုဝင်းဆွေ

 

မတ်လ ၂၅ ရက်နေ့တွင် စစ်တပ်နှင့်ရဲတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ဝမ်းဗိုက်ကျည်ထိမှန်ကာ ကျဆုံးခဲ့သည့် ဦးဝင်းဆွေ၏ နောက်ဆုံးခရီးကို ယနေ့ နေ့လယ် ၁နာရီတွင် မိုးညှင်းမြို့ရှိ သာယာသောသုသာန်သို့ မီးသဂြိုဟ်ရန် လူဦးရေ သောင်းနဲ့ချီပြီး လိုက်ပါ ပို့ဆောင်ခဲ့ကြသည်။
မိုးညှင်းမြို့ မတ်လ ၂၅ ရက်နေ့က သပိတ်စစ်ကြောင်းကို အာဏာသိမ်းစစ်ကောင်စီမှ ဖြိုခွင်းခဲ့ရာ ကိုဝင်းဆွေနှင့် ကိုစိုးနိုင်ထွန်းတို့ ၂ ဦး ကျည်ထိမှန်ကာ ကျဆုံးခဲ့ခြင်းဖြစ်သည်။
ကချင်ပြည်နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရင်း ကျဆုံးသွားသော ပြည်သူ ၅ ဦး ရှိပြီဖြစ်သည်။

Photo Credit

သင့်ထင်မြင်ချက်ရေးပေးပါ