ကိုစိုးနိုင်ထွန်း

မိုးညှင်းမြို့ ၊ မိုးဒါစု ချောင်းတံတားတွင် ယနေ့ မတ်လ ၂၅ ရက်နေ့တွင် ပစ်သတ်ခံရသည့် ကိုစိုးနိုင်ထွန်း ကို မြစ်ကြီးနားနည်းပညာတက္ကသိုလ်က ‘ထာဝရသူရဲကောင်း’ အဖြစ်သတ်မှတ်ကြောင်း ထုတ်ပြန်ထားသည်။

ကိုစိုးနိုင်ထွန်း

 

ဦးခေါင်းကျည်ထိမှန်ကျဆုံးသွားသည့် ကိုစိုးနိုင်ထွန်း သည် မကနတက္ကသိုလ် ကျောင်းသားသမဂ္ဂ၏
ပြင်ပဆက်ဆံရေးတာဝန်ခံဖြစ်သည်။
ယနေ့ မတ်လ ၂၅ ရက်နေ့ နေ့လယ် ၁၂ နာရီက မိုးညှင်း သပိတ်ကို ရဲနှင့် တပ်မှ ဖြိုခွင်းခဲ့ရာ ၂ ဦး သေဆုံးခဲ့ပြီး အခြားတစ်ဦးမှာ ဝမ်းဗိုက်ကျည်ထိမှန်သေဆုံးခဲ့သည်။

ကချင်ပြည်နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်စဉ် အကြမ်းဖက်ဖြိုခွင်းသဖြင့် သေနတ်ထိမှန်သေဆုံးသူ စုစုပေါင်း ငါးဦး ရှိပြီဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ