Breaking News 47 Media

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိနေအိမ်တစ်အိမ်ကို ယနေ့နံနက် ၁၁ နာရီခွဲခန့်က အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်ရှာဖွေခဲ့သည်ဟု သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဆန္ဒပြရာတွင်ပါဝင်သည်ဟု စွပ်စွဲထားသူ အမျိုးသမီးနှစ်ဦးကို ဝင်ရောက်ရှာဖွေဖမ်းဆီးခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက The 74 Media ကို ပြောသည်။
“သူတို့ (ရဲ) တွေက ကောင်မလေးနှစ်​ယောက်ကို လာရှာကြတာ။ မဘောက်ဂျာနဲ့ မနန်းနန်တဲ့။ သူတို့ဒီမှာ မရှိပါဘူး” ဟုသူက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက နောက်ရက်ထပ်မံလာရောက်မည်ဟု ပြောဆိုသွားကြောင်း သူက ဆက်ပြောသည်။
“ရှာတဲ့သူတွေကို မတွေ့ရင် နောက်ရက် ထပ်လာမယ်လို့ ပြောတာလည်း ကြားလိုက်တယ်” ဟု ပြောသည်။

မြစ်ကြီးနားမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြရင်း ဖမ်းဆီးခံရသူ စုစုပေါင်း (၂၅၉) ဦး ရှိပြီး လက်ရှိ (၁၁၅) ဦးကို အမှုဖွင့် အရေးယူထားသည်။

သင့်ထင်မြင်ချက်ရေးပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *