ဖားကန့်တွင် အမျိုးသား နှစ်ဦးကို စစ်တပ်နှင့်ရဲမှ လာ​ရောက် ဖမ်းဆီး​ခေါ်​ဆောင်သွား

ဖားကန့်မြို့၊လုံးခင်းကျေးရွာအုပ်စု၊ငြိမ်းချမ်းသာယာကျေးရွာမှ အမျိုးသားနှစ်ဦးအား စစ်တပ်နှင့်ရဲတပ်ဖွဲ့မှ လာရောက်ခေါ်ဆောင်သွားကြောင်း ဒေသခံပြည်သူထံမှ သိရသည်။

“ ဖမ်းခံရတဲ့သူက ဦးဌေး နဲ့ ကိုမျိုး ဟုတ်တယ်၊ ဘာကြောင့်ဖမ်းတယ်ဆိုတာက အတိအကျမပြောဘူး၊ ရုတ်တရက်ကြီး ဝင်ဖမ်းသွားတာပေါ့” ဟု လုံးခင်း ကျေးရွာ ဒေသခံတစ်ဦးမှ ပြောသည်။

ယနေ့ မတ်လ ၂၄ ရက်၊ ညနေ ၄ နာရီ အချိန်ခန့်တွင် အဆိုပါ အမျိုးသားနှစ်ဦး၏ နေအိမ်သို့ စစ်သားနှင့်ရဲတပ်ဖွဲ့ဝင်များရှိလာခဲ့ပြီး​နောက် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူနှစ်ဦးမှာ ဦးဌေး (ခ) ဦးမောင်ဌေး နှင့် ကိုမျိုး တို့ဖြစ်ပြီး၊ ၎င်းတို့နှစ်ဦးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်နှစ်ဦး ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

မတ်လ ၂၅ ရက်နေ့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်မှုကြောင့် မတ်လ ၁၃ရက်နေ့တွင် ဖမ်းဆီးခံထားရသူ အမျိုးသား ၃ ဦးကို ရုံးထုတ်မည် ဖြစ်ကြောင်း သိရသည်။

ဖားကန့်တွင် ယခုမတ်လအတွင်း စစ်ကောင်စီအာဏာသိမ်းမှုကြောင့် ဆန္ဒဖော်ထုတ်သူ ပြည်သူရှစ်ဦးအား ဖမ်းဆီးအမှုဖွင့်လှစ် အရေးယူနေဆဲဖြစ် ​ပြီး၊ သေနတ်ဒဏ်ရာ​ကြောင့် တစ်ဦးသေဆုံးခဲ့သည်။

Photo credit

သင့်ထင်မြင်ချက်ရေးပေးပါ