စစ်အာဏာသိမ်းပြီး​နောက်ပိုင်း ချီ​ဖွေမြို့တွင် ဆီ​ဘောက်ဆာကားများ ပိုမိုဖြတ်သန်း​နေ

စစ်အာဏာသိမ်းခဲ့သည့် ​ဖေ​ဖော်ဝါရီလဆန်းပိုင်းမှစ၍ ကချင်ပြည်နယ်၊ ချီ​ဖွေမြို့တွင် ဆီ​​​ဘောက်ဆာ​မော်​တော်ယာဥ်ကြီးများ ယခင်ကထက်ပိုမို ဖြတ်သန်း​နေ​ကြောင်း ချီ​ဖွေ​ဒေသခံများထံမှသိရသည်။

စစ်အာဏာသိမ်းပြီး​နောက်ပိုင်း ချီ​ဖွေမြို့တွင် ဆီ​ဘောက်ဆာကားများ ပိုမိုဖြတ်သန်း​နေ

 

ချီ​ဖွေမြို့တွင် စစ်အာဏာမသိမ်းခင်က ဆီ​ဘောက်ဆာ​မော်​တော်ယာဥ်တန်းသည် တစ်​ခေါက်​လျှင် ၃ ၊၄ စီးသာ ဖြတ်သန်း​နေ​သော်လည်း အာဏာသိမ်းပြီး​နောက်ပိုင်းတွင်မှု ဆီ​ဘောက်ဆာယာဥ်တန်းတွင် ယာဥ်အစီး​ရေ ၆စီးမှ ၈စီးခန့်အထိရှိလာပြီး ​နေ့စဥ်နီးပါးဖြတ်သန်း​နေကြောင်း ​ဒေသခံတစ်ဦးကဆိုသည်။
“အိမ်က လမ်း​ဘေးမှာဆို​တော့ ပိုသိသာတယ်။ အာဏာမသိမ်းခင်တုန်းက​တော့ တစ်​ခေါက် ၃၊ ၄ စီးဖြတ်တယ်။ အာဏာသိမ်းပြီး​နောက်ပိုင်း​တော့ ကား​မောင်းတဲ့သူ​တွေ​​ရော စည်းကမ်းမရှိ​တော့ဘူး။ အ​ကွေ့​တွေမှာ​ရော အရှိန်နဲ့​မောင်းတယ်။ အစီး​ရေ​​တွေ ပိုစိတ်လာတယ်။ အ​ခေါက်​ရေ​တွေများလာတယ်။ အခုဆိုရင် ယာဥ်တန်းတစ်ခုကို ၆စီးက အနည်းဆုံးပဲ၊ တစ်ခါတစ်ခါဆို ၁၀စီး​လောက်ရှိတယ်” ဟု လုံခြုံ​ရေး​ကြောင့် အမည်မ​ဖော်လိုသူ ​ဒေသခံပြည်သူတစ်ဦးကဆိုသည်။
တရုတ်နိုင်ငံနှင့်နယ်စပ်ဖြစ်​သော ကချင်ပြည်နယ်၊ ချီ​ဖွေမြို့နယ်တွင် ​မြေရှားသတ္ထုတူး​ဖော်​​ရေးလုပ်ကွက်များ ပိုများလာ​သော​​ကြောင့် ယခုကဲ့သို့ ဆီသယ်​မော်​တော်​ယာဥ်များ ပိုမိုမျာပြားလာရခြင်းဖြစ်နိုင်​ကြောင်း ချီ​ဖွေ​မြို့ခံတစ်ဦးကဆိုသည်။
“ချီ​ဖွေက​နေဖြတ်ပြီး ပန်ဝါ​ဒေသဘက်ကို သယ်သွားတာ။ ​မြေရှားသတ္ထုတူးတဲ့ လုပ်ငန်းဆိုဒ်​တွေဘက်ကို ပို့​နေတာ။ ဆီသယ်ကား​တွေ အရင်တုန်းကထက်ပိုများလာတယ်ဆို​တော့ ​မြေရှားသတ္ထု​တွေ တူးတဲ့​နေရာ ပိုများလာတယ်လို့​​ပြောလို့ရတယ်” ဟု ​သူက ပြောသည်။
​မြေရှားသတ္ထုတူး​ဖော်​သော လုပ်ငန်းခွင်များသည် ချီ​ဖွေမြို့အနီးတွင်မရှိ​သော်လည်း ချီ​ဖွေမြို့မှ မိုင် ၂၀ခန့်​ အကွာအ​ဝေးလောက်မှ စ၍ လုပ်ငန်းခွင်များကို ​​တွေ့မြင်​နေရ​ကြောင်း သူက ပြောသည်။
ယခင်က ဆီ​ဘောက်ဆာယာဥ်တန်းများသည် တရုတ်နိုင်ငံဘက်မှ ဝင်​ရောက်လာ​သော်လည်း Covid 19 ​ရောဂါဖြစ်ပွားခဲ့​သောအချိန်မှ စ၍ တရုတ်နိုင်ငံမှ ဖြတ်သန်းခွင့်မရ​တော့ဘဲ ချီ​ဖွေမြို့ကို ဖြတ်သန်း၍ ​မြေရှားသတ္ထုလုပ်ငန်းခွင်များသို့ပို​ဆောင်​နေ​ကြောင်း သူက ဆက်​ပြောသည်။

​မြေရှားသတ္ထုကို တပ်မ​တော်လက်​အောက်ခံ နယ်ခြား​စောင့်တပ် အုပ်ချုပ်​သော​ဒေသတွင် တူး​ဖော်​​နေပြီး တရုတ်ပြည်မှ အဓိက ဝယ်ယူ​နေသည်။

သင့်ထင်မြင်ချက်ရေးပေးပါ