CDM ဝန်ထမ်းများ ရုံးတက်ရန် တတိယအကြိမ် စာဖြင့် အကြောင်းကြားခံနေရ

နေပြည်တော်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန မှ CDM ဝန်ထမ်းများအား အလုပ်ပြန်လည်ဝင်ရောက်ထမ်းဆောင်ရန်အတွက် မတ်လ ၁၇ ရက်နေ့က တတိယအကြိမ် စာဖြင့်ခေါ်ယူကြောင်း ယင်းဌာနမှ ဝန်ထမ်းတ စ်ဦးက the74 Media ကိုပြောသည်။

“တတိယအကြိမ် စာထုတ်ခြင်းဖြစ်ပါသည်ပေါ့နော် အခု စာထုတ်တာကိုမှ လာမတက်ရင် ဥပဒေအရ ပြင်းထန်တဲ့ ဥပဒေအရ အရေးယူမယ်လို့ Bold တင်ပြီးရေးထားတယ်” ဟုသူကပြောသည်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပေးပို့ခဲ့သော အလုပ်ပြန်လည်ထမ်းဆောင်ရန် ဒုတိယအကြိမ် အကြောင်းကြားစာတွင် တာဝန်ပြန်လည်ထမ်းဆောင်ရန် ပျက်ကွက်က နိုင်ငံ့ဝန်ထမ်းဉပဒေ၊ နည်းဉပဒေများဖြင့် အရေးယူဆောင်ရွက်သွားမည်ဟုဖော်ပြထားသည်။
ထိုအလုပ်ပြန်ဝင်ရန် အကြောင်းကြားစာကိုညွှန်ကြားရေးမှူးချုပ် (ကိုယ်စား) လက်ထောက်ညွှန်ကြားရေးမှူး လက်မှတ်ဖြင့် ရောက်ရှိလာသော်လည်း လက်မှတ်မှာ အစစ်မဟုတ်ကြောင်း ဝန်ထမ်းတစ်ဦးကပြောသည်။
“ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား) လက်ထောက်ညွှန်ကြားရေးမှူးဆိုပြီးရောက်လာတာ ဒါပေမဲ့ အဲ့လက်မှတ်က ရုံးမှာမရှိဘူး အတုဖြစ်နေတယ်” လို့ ယင်းကပြောသည်။
အလုပ်ပြန်ဝင်ရန် ညွှန်ကြားစာ ရောက်ရှိလာပြီးနောက် ဝန်ထမ်းများမှ တစ်ဆင့် အချင်းချင်း ခြိမ်းခြောက်သည့် သဘောဖြင့် ဖုန်းဆက်မှုမျိုးရှိကြောင်းလည်း အစားအသောက်နှင့် ဆေးဝါကွပ်ကဲရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက ဆက်လက်ပြောသည်။
“လူကြီးတွေအနေနဲ့ ဖုန်းဆက်ပြီးလှမ်းခြိမ်းခြောက်တာမျိုးတော့မရှိဘူး ဒါပေမဲ့လို့ အချင်းချင်းကတော့ CDM လုပ်တာကို အဲ့လိုမလုပ်နဲ့လေလို့ တစ်ခါဘဲပြောမယ် နှစ်ခါမပြောဘူး အထက်လူကြီးကပြောခိုင်းရင်တော့ သုံးခါလောက်ပြောလိုက်အုံး လို့ ပြောရင် သုံးခါလောက်ပြောမှာပေါ့ သုံးလေးခါဆက်တယ် ဟိုလိုအမျိုးမျိုးပြောလိုက် ဒီလိုအမျိုးမျိုးပြောလိုက် ပြောတယ် ခြိမ်းခြောက်တာလည်းပါတဲ့သဘောမျိုးပေါ့ နင်တို့အလုပ်ပြုတ်သွားလိမ့်မယ် ဒီလိုမျိုးလုပ်နေတော့ ဘာရမှာတုန်းတို့ အဲ့လိုမျိုးပေါ့ မခံချင်အောင်ပြောတယ် ခြိမ်းခြောက်တာတွေပြောတယ် အချင်းချင်းပေါ့” ဟုသူကပြောသည်။
CDM ဝန်ထမ်းများအနေဖြင့် နေထိုင်သွားလာရန် ခက်ခဲမှုများရှိပြီး အချို့မှာ ပတ်ဝန်းကျင်မှပြောဆို တိုင်တန်းမှုများကြောင့် ရုံးပြန်လည်တက်‌ေနရသူများလည်းရှိ‌ေကြာင်းသိရသည်။

နေပြည်တော် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတွင် ဌာနခွဲ ၇ ခုရှိပြီး ဝန်ထမ်းဦးရေ ၂၅၀ ကျော်ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ