မြစ်ကြီးနား MyTel ရုံး

မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် မိုဘိုင်းလ်ဖုန်းမှ အသုံးပြုရသည့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားသော်လည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ MyTel ရုံးတွင် ဝိုင်ဖိုင်အင်တာနက် ဝန်ဆောင်မှုရပ်စဲသူပိုများသည်ဟု သိရသည်။

MyTel ကုမ္ပဏီသည် စစ်အာဏာသိမ်းအုပ်စုနှင့်ဆက်စပ်မှုရှိသဖြင့် ဆက်လက်အသုံးပြုလိုခြင်းမရှိတော့သဖြင့် ဝိုင်ဖိုင်ဝန်ဆောင်မှုရယူခြင်းကို ရပ်စဲရခြင်းဖြစ်သည်ဟု MyTel ရုံးတွင် ဝိုင်ဖိုင်လာဖြုတ်သူတစ်ဦးက ပြောသည်။
“အာဏာသိမ်းစစ်တပ်ပိုင်တယ်လို့ပြောတယ်။ အဲ့ကြောင့် boycott လုပ်တဲ့အနေနဲ့ ဖြုတ်လိုက်တာပါ” ဟု သူကပြောသည်။
မြစ်ကြီးနား MyTel ရုံးတွင် ဝိုင်ဖိုင်အင်တာနက်တပ်ဆင်သူများကြောင်း ယမန်နေ့က ဒေသခံသတင်းမီဒီယာများတွင် ဖော်ပြမှုများရှိခဲ့သော်လည်း ဝန်ဆောင်မှုရယူသူအရေအတွက် မတိုးလာကြောင်း အမည်မဖော်လိုသူ MyTel ဝန်ထမ်းတစ်ဦးထံမှ သိရသည်။

ဖုန်းလိုင်းနှင့်အင်တာနက်ဝန်ဆောင်မှုပေးသည့် MyTel ကုမ္ပဏီသည် အာဏာသိမ်းစစ်တပ်နှင့် ဗီယက်နမ်တယ်လီကောမ်းကုမ္ပဏီအကြား အကျိုးတူပူးပေါင်းလုပ်ဆောင်သည့်ကုမ္ပဏီဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ